အာရုံကြော အားနည်းခြင်းကို သက်သာစေဖို့ ဂရုစိုက်ရမယ့် အချက်တွေ
အာရုံကြောစနစ်က ခန္ဓာကိုယ် တစ်ခုလုံး ဟန်ချက်ညီစွာ လှုပ်ရှားနိုင်စေဖို့ အရေးပါတဲ့ စနစ်တစ်ခုပါ။ အာရုံကြော ကျန်းမာမှ နေ့စဉ်ဘဝမှာ ကောင်းစွာ တွေးတောနိုင်ပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်သလို ဟန်ချက်ညီညီ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်မှာပါ။
ဒီလို အရေးပါတဲ့ အာရုံကြောစနစ်လေးက နာမကျန်း ဖြစ်တတ်သလို နေ့ရက်တိုင်းမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ သုံးရင်း စခရင်မ်တိုင်းမ် များနေမယ်ဆိုရင်တော့ အာရုံကြောမှာ အားနည်းတာကို ခံစားရနိုင်ပါတယ်။ ဒီလို အာရုံကြော အားနည်းတဲ့ အခါ ဇက်ကြောကြီးက ထိုးကိုက်တာမျိုး၊ ခေါင်းထူမရအောင်၊ အာရုံစိုက်မရအောင် ခေါင်းတစ်ခြမ်းကိုက်တာမျိုးတွေ ခံစားရနိုင်သလို လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ဖို့လည်း ခက်သွားမှာပါ။
ဒါကြောင့် အခုတစ်ခေါက်မှာတော့ အာရုံကြောအားနည်းနေတာကို သက်သာစေဖို့ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အာရုံကြော အားနည်းနေတာကို သက်သာစေဖို့
အာရုံကြော အားနည်းနေတာကို သက်သာစေဖို့ဆိုရင်
- အာဟာရမျှတအောင် စားသုံးပါ
နေ့စဉ် စားသုံးမှုကို အာဟာရမျှတအောင် စားသုံးတာက အာရုံကြောကို ကျန်းမာစေပြီး အာရုံကြောအားနည်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အာဟာရမျှတစေဖို့ နေ့စဉ် စားသုံးမှုမှာ နှံစားသီးနှံတွေ၊ အသီးအရွက်တွေ၊ အခွံမာသီးတွေ၊ သစ်သီးတွေ၊ ငါး၊ အဆီမပါတဲ့ အသား၊ အစေ့အဆန်တွေ၊ နို့ထွက်ပစ္စည်းတွေ နဲ့ ဥအမျိုးမျိုး ပါဝင်အောင် စားသုံးပေးပါ။
- အရက်နဲ့ ဆေးလိပ်လျှော့ပါ
အရက်သောက်တာ ဆေးလိပ်သောက်တာက အာရုံကြောတွေကို ပျက်စီးစေနိုင်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ အာရုံကြော အားနည်းတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် အာရုံကြော အားနည်းတာကို သက်သာစေဖို့ဆိုရင် အရက်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ပါ။ မဖြစ်နိုင်ရင် လျှော့ပါ။
- လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
ကိုလက်လှုပ်ရှားမှု ပုံမှန်လုပ်တာ၊ နေ့စဉ် လေ့ကျင့်ခန်း လုပ်တာက အာရုံကြောတွေကို ကျန်းမာစေပြီး အာရုံကြော အားနည်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို မိနစ် ၁၅၀ လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး အာရုံကြော အားနည်းတာတွေကို သက်သာစေဖို့ လုပ်ဆောင်လိုက်ပါ။
- သွေးတွင်းသကြားဓာတ် ထိန်းပါ
ပြောချင်တာကတော့ ဆီးချို မဖြစ်အောင် ကာကွယ်စေချင်တာပါ။ သွေးတွင်းသကြားဓာတ် များတာ ဆီးချိုရောဂါ ခံစားရတာတွေက ရေရှည်မှာ အာရုံကြောကို ထိခိုက်ပျက်စီးစေသလို အာရုံကြော အားနည်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံကြောအားနည်းတာကို သက်သာစေဖို့ရော အာရုံကြော ထိခိုက်မှုတွေကိုပါ ကာကွယ်ဖို့ သွေးတွင်းသကြားဓာတ်ကို ထိန်းပါ။
- အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အာရုံကြောအားနည်းတာကို သက်သာစေသလို အာရုံကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်တိုင်းမှာ ၈ နာရီထက်မနည်းတဲ့ အိပ်စက်ချိန်လေး ထားရှိပေးပါ။
- အာရုံကြော အားဆေး သောက်ပါ
ဖုန်းတွေ ကွန်ပျူတာတွေ အကြည့်များသူတွေအနေနဲ့ အာရုံကြော အားနည်းတာကို ပိုခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာကို သက်သာစေဖို့ဆိုရင်တော့ အာရုံကြော အားဆေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးတာက နည်းလမ်းကောင်းပါ။
အာရုံကြောအားနည်းတာကို သက်သာစေဖို့ အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
မွန်မွန်